Sunday, 30 December 2012
အလင်းမရှိတဲ့ ငါ့ မနက်ဖန်.......
ငါ့မျက်ရည်တွေ ဆင်းကျလာတယ်
ငါ ချစ်သူဆုံးရူံးရတာမဟုတ်ဘူး
ငါ့ ချစ်သူ ပျော်အောင် ငါ ပေးဆပ်ခဲ့တာပါ
နင့်ကြောင့် ငါ ခဏခဏ ပျော်ခဲ့တယ်
နင့်ဘက် က မမြင်ချင်ယောင်ဆောင်ထားတဲ့ ငါ့ ချစ်ခြင်းတွေကိုပေါ့
နင့်ရှေ့ ကျရုံးပြတယ်
ဘာသာစကားမရှိတဲ့ ငါ ခံစားမူတွေကိုပေါ့
နင်မှနားမလည်နိုင်ဘဲ
ငါက အချစ်ကို ကိုးကွယ်မိသူပါ
နင်က အချစ်ကို ကစားချင်တာ
နင့်ကြောင့် ငါပိုင်ဆိုင်ခဲ့တဲ့ တနင်္ဂနွေနေ့တိုင်း
သာယာခဲ့ပါတယ်
အချစ်တဲ့ ဘာသာပြန်ဆိုခွင့်မရှီဘူး
ငါပြန်ရနိုင်တာ လို့ ငါ တွေးမထားဘူး
ဒါကို နင်သိနိုင်မလား
ဒီနေ့ပေါ့
အလွမ်းတွေ ဖြန့်ခင်းထားလိုက်တာ
ငါ နေနေခဲ့တဲ့ မနက်နဲ့ ညတွေ တောင် စိုပြေနေခဲ့တယ်
နင် က အချိုဆုံး အပြုံးတွေနဲ့
ငါ့ကို ကစား နိုင်ခဲ့ပါတယ်
ငါရဲ့ အမြတ်နိုးထားတဲ့ ငါ့ ချစ်ခြင်းတွေကိုပါ....
နုတ်ဆက်ပါတယ် လို့ နင့်နုတ်ခမ်းက စကားလေးတစ်ခွန်းအဆုံးမှာ
ငါကိုယ်တိုင်
ငါ့ မနက်ဖန်ကို အဆုံးသတ်လိုက်တယ်
အလင်းမရှိတော့တဲ့
ငါမနက်ဖန်တိုင်း သာယာနေလိမ့်မယ်......
Subscribe to:
Post Comments (Atom)

No comments:
Post a Comment