Sunday, 14 July 2013

လွမ်းနေတုန်းဘဲ.....

ကျေးဇူးပြုပြီး
နင့် နှလုံးသားကို ဖုံးထားတဲ့ ပုဝါလေးကို ဖယ်မပစ်လိုက်ပါနဲ့
ငါ မဟုတ်တဲ့ နာမည် တစ်ခုခု ကို နင့် နှလုံးသားမှာ
တွေ့မီမှာကြောက်လို့ပါ
 ကောင်းကင်ပြင်မှာ
ကြယ်တွေ အပြိုင်အဆိုင်လင်းလက်နေတယ်
နင်မော့ကြည့်တိုင်း
ငါကိုယ်တိုင် ကိုယ်ထင်မပြတော့
နင် ငါ့ကို မမြင်တာ မစမ်းပါဘူးလေ
ငါပိုင်တဲ့ ကြယ်လေး ကြွေမဲ့ အချိန်လည်း
သိပ်မဝေးတော့
လင်းလက်နေစရာလည်း မလိုတော့ဘူး
ငါ နင့် အပေါ်ကောင်းခဲ့သလားလို့ မေးရင်
ငါပြန်ဖြေတပ်အောင်
နင် ဘက်က စကားလေးတစ်ခွန်းလောက် ပြောစေချင်တယ်
ဒီနေ့ ငါ့ နှလုံးသားနဲ့
မနေ့က ငါ့ နှလုံးသား အတူတူဘဲမို့
ငါ အရင်တိုင်းဘဲ ချစ်တယ်
အချိန်တွေ သာ ပြောင်းလဲလို့လာတယ်
တစ်ချိန်ချိန် ငါ နင့်ကိုမေ့သွားမယ်လို့
ပေါ့ပေါ့လေးတွေးခဲ့ပေမဲ့
ငါ နင့်ကို ဒီနေ့ထိတိုက်ဆိုင်မူတွေရှိနေသရွေ့
လွမ်းနေတုန်းဘဲ ...........

No comments: