Saturday, 12 January 2013
နောင်ဘ၀အထိ.....
နင့် အတွက် မပြောင်းလဲတာ
ငါ့ ရင်ထဲမှာ တစ်ခုရှိတယ်
နင် ဘယ်လောက် ငါ့ကို ရက်စက် ရက်စက်
ဘယ်တုန်းက မှ နင့်ကို မုန်းဘို့ စိတ်မကူးခဲ့ဘူး
မယုံဘူးလို့ နင် ငြင်းပါ
ဒါတစ်ကယ့် အမှန်တရားတွေဘဲ
နင့်ရဲ့ စိတ်အတိုင်း
လေလွင့်နေတဲ့ အရက်စက်ဆုံး စကားလုံးတွေက
ငါ့ ကောင်းကင်မှာ ပျံဝဲနေတယ်
ခဏခဏ မိုးမှောင် ချပစ်တော့
ငါ့ မျက်ရည်တွေ စီးဆင်း ကျလာပြန်တယ်
မယုံမနိုင်အောင်
နင်နဲ့ ပါတ်သက်ရင် ငါ မျက်ရည်လွယ်သူ တစ်ယောက်ပါ
ဘယ်လောက်ထိ ငါ ခံစားနေရမလဲ ဆိုတာ
ငါ ကိုယ်တိုင်မသိဘူး
နင့် အပြင် နောက်တစ်ယောက်ဆိုတာ
ငါယောင်လို့တောင် မတွေးမိတဲ့ အတွေးတွေပါ
နင် ဟာ တစ်ကယ် ရက်စက်ခဲ့ပါတယ်
ဒါပေမဲ့ နောင်ဘ၀ဆိုတာ ရှိခဲ့ရင်လည်း
အခု ဘ၀လိုဘဲ နင့်ကို ငါ ဆက်ချစ်မယ်
အခု ဘ၀လိုဘဲ နင့် စွန့်ပစ်ခြင်းကို ခံပြီး
ဒီလိုဘဲ ငါ နင့်ကို ဆက် မျှော်လင့်နေမယ်
လွမ်းနေဦးမယ် ချစ်သူ........
Subscribe to:
Post Comments (Atom)

No comments:
Post a Comment