Wednesday, 24 July 2013

အလွမ်းဖော်


အချစ်ဆိုတာ
ကိုယ့်ရဲ့ ပျော်ရွင်မူသက်သက်တစ်ဖက်သတ်
အကြည့်မျိုးမှမဟုတ်တာ
သူ့ရဲ့ ခံစားချက်ကိုပါ ထည့်တွက်ပေးရတယ်
ငါ့ ဘက်ကဘဲ  ချစ်နေရတော့
ငါဘဲ ခံစားရတာပေါ့
တစ်ဖတ်သတ် အချစ်ဆိုတာ
ခံစားမူသက်သက် ယူတာမျိုးဘဲနှော်
နင်ပြောဖူးတယ်
ငါက နင့်ကို ချစ်တာမဟုတ်ဘူးတဲ့ 
နင့်ကို ပိုင်ဆိုင်ချင်နေတာတဲ့ .
ကောင်မလေး နင်သိလားဟင်
ချစ်လို့ ပိုင်ဆိုင်ချင်တာရောမဖြစ်နိုင်ဘူးလား ..
တစ်ချက်လောက်
ငါ့ဘက်က နင်နဲ့တွေ့တိုင်း မညီညာတဲ့  ရင်ခုန်သံကို
နင်နားလည်ပေးပါလား
အဲနေ့က ကောင်မလေး
နင် အရမ်းလှတယ်ဟာ.
ဒါပေမဲ့ နင့် တစ်ချက်လေးတောင် ပြုံးပြတယ်
ပျော်လိုက်တာ ဒါပေမဲ့
နင့် စကားလုံး စိမ်းစိမ်းတွေ နဲ့
ငါ့ရင်ခုန်နှုန်းတွေကို အပြီး သတ်ပစ်ခဲ့တယ်
ဒီတစ်ခါ နင့် အတွက် ငါပြုံးပြတယ်
အပြုံးကတော့
တစ်သက်လုံး နုတ်ဆက်မဲ့ အပြုံးပေါ့ ...
ငါ လည်း ငါ့ အိမ်ပြန်ခဲ့ပြီ..
တိတ်တိတ်လေး ကြွေတဲ့ ကြယ်တွေ မရေမတွက်နိုင်အောင် များပြားခဲ့တာ
ငါ မသိဘူး.
ဒါပေမဲ့ ကောင်းကင်ကြီးသိတယ်
နင့် အတွက် ငါ့ ရင်ခုန်သံနဲ့ စုစည်းထားတဲ့ ချစ်ခြင်းတွေ
မရေမတွက်နိုင်အောင် ပျက်သုန်းခဲ့တယ်
နင် မသိဘူး
ဒါပေမဲ့ ငါ သိတယ်...
တစ်ခုတော့ နင်သိစေချင်တယ်
ငါရင့်ကျက်ခဲ့ပီ.........
နင်ချန်ခဲ့တဲ့နောက်
အလွမ်းတွေအဖော်ပြုလို့
အလွမ်းနဲ့ နေသားကျနေပါပီ ကောင်မလေးရေ........

No comments: